-ချောနေမကောင်းဖြစ်နေ ပါသဖြင့်ပို့အသစ်မတင်နိုင်ပါသဖြင့်ခွင့်လွှတ်
ပေးပါရန်တောင်းပန်ပါတယ်ရှင့်-------
ပို့အသစ်တင်နိုင်အောင်ကြိုးစားသွားပါမယ်---
Friday, December 7, 2007
Sunday, September 23, 2007
မမုန်းနိုင်သေးလို့ပါ-----
ရင်တစ်ခုလုံး ဗြောင်ဆန်အောင်
ဆော့ကစား သွားပြီးမှ
မင်းမဟုတ်သလို မျက်နှာကလေးနဲ့
ငါ့ကိုထပ်မနှိပ်စက် ပါနဲ့တော့
ချစ်သူရယ်
နင့်ကို ငါမမုန်းနိုင် သေးလို့ပါ..... ...... ......

ဝတ္ထုလို-------အချစ်မျိုး
ဇာတ်လမ်းအဓိက မဟုတ်သော ၀တ္တုတစ်ပုဒ်လိုသူနဲ့ကျွန်မ ချစ်ခဲ့ကြပါသည်။
ကျွန်မတို့မှာ အဖြစ်အပျက်တွေ ကြုံကြိုက်မှုတွေရှိသည်။သို့သော် ဘာပြီးရင်
်ဘာလာရမယ် ဟူသောဖြစ်စဉ်တွေမရှိပါ။ ကျွန်မတို့မှာဆန္ဒတွေရှိသည်။
သို့သော်မျော်လင့်ချက် မရှိပါ။ကျွန်မတို့မှာ မှန်းဆကြည်နူးမှု့တွေရှိသည်။
သို့သော်အနာဂတ် မရှိပါ။ကျွန်မနှင့် သူ၏အချစ်သည်မွှေးပျံ့သော
လှပသောစပယ်ပန်းများ ဖြစ်သည်ဆိုလျှင် လက်ထဲမှာထွေးဆုပ်ထားသော
ပန်းများ ဖြစ်မည်။စံပယ်တစ်ကုံး မဟုတ်ခဲ့။
ကျွန်မတို့အချစ် ကိုသီရန်ကြိုး မရှိခဲ့။
အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းလေးတွေ--------------
ဒီကနေယူပါတယ်(ဂျူး)

Wednesday, September 19, 2007
မျော်လင့်ပါရစေ----------
မျော်လင့်ခြင်း အချစ်တစ်ခုနဲ့ ရှင်သန်ခဲ့တဲ့
နှလုံးသားတစ်ခုပါ ချစ်သူ
စွန့်လွတ်မှု့နဲ့လည်း မချစ်နိုင်ပါ... ... ...
ဒါပေမဲ့ ချစ်သူ
ဝေးကွားခြင်းနောက်ရဲ့ ရင်ခွင်မှာ
လွမ်းဆွေးမှုတွေနဲ့ လွမ်းဆွေးကမ္ဘာ
တစ်ခုဖြစ်လို့ နေတယ်လေ... ... ...
ကြင်နာသူ
မင်းသာခံစားနားလည်းရင်
မင်းရဲ့ကြင်နာမှု တွေနဲ့ ပျော်ရွှင်ပါရစေ... ... ...

Tuesday, September 11, 2007
မုဒိတာပွား ကြရအောင်------
-------If you hate a man let him live-------
ဒီစကားပုံလေးရဲ့အဓိပယ်က သင်မုန်းပါက အသက်ရှင်သန်နိုင်ပါစေ တဲ့။
တကယ်ပါပဲံ လူတစ်ယောက်ကို မုန်းနေရရင် အမုန်းတွေနဲ့အဲဒီလူဟာဘယ်လောက်ပူလောင်နေမှာလဲဆိုတာ စဉ်းစားကြည့်ကြပါ။
ဥပမာ ကိုယ်နဲ့မသင့်မြတ်တဲ့လူကို မုန်းနေရင် အမုန်းတွေရဲ့ ဖိစီးမှု့၊နိုပ်စက်မှု့ဒဏ်ကို ဘယ်သူအရင်ခံစားရသလဲ။
ကိုယ်ကိုယ်တိုင်ပဲမဟုတ်လား။ ဒေါသရဲ့ ပူလောင်မူ့တွေက ကိုယ့်ကိုယ်ကိုယ် အရင်လောင်ကျွမ်းစေတာပဲနော်။
ဒေါသတွေနဲ့လောင်နေတော့ ဘယ်လိုလုပ်ပြီး အသက်ရှည်နိုင်မှာလဲ။
မိမိမုန်းတီးနေတဲ့သူကတော့ သိတောင်သိရှာမှာမဟုတ်သလို သူကိုယ်တိုင်လည်း အေးချမ်းနေလိမ့်မယ်။
ဒါကြောင့်ဒီစကားပုံလေးကို ကျွန်တော်နစ်သက်တယ်။ကျွန်တော် ကိုယ်တိုင်လည်း ဘယ်သူနဲ့ပဲပြသ၁နာတက်ခဲ့ပါစေ လူသဘာဝအတိုင်းမကျေနပ် ချက်ရှိခဲ့ပေမဲ့ မုဒိတာ ပွား နိုင်အောင်ကြိုးစားခဲ့ပါတယ်။ သင်တို့လည်းကြိုးစားကြည့်ပါ။
စိတ်ရဲ့ငြိမ်းချမ်းမှု့ကိုရရှိပါလိမ့်မယ်။
ပြီးရင် သီးခံခြင်းရဲ့အောင်မြင်မှု့ကိုခံစားရပါလိမ့်မယ်။

သော့----
တခါးတစ်ချပ်ရဲ့.....တစ်ဖက်ဆီမှာ
သော့ကိုယ်စီ........ကိုင်ရင်းနဲ့
တစ်ဦးအဖွင့်ကို.....တစ်ဦးကစောင့်
ရက်တွေပြောင်း.....အချိန်တွေကြာပေမဲ့.....
ချစ်သူ....မင်းသိစေချင်မိရဲ့
အရင်ဖွင့်ရမဲ့.....သော့က
မင်းဆီမှာ.........ရှိနေတယ်ဆိုတာ......
အစဉ်အလာ.......တံတိုင်းတွေကြောင့်
ငါ့ရင်..........နာကြင်ကြေမွ
ဖွင့်ခွင့်မရှိတဲ့.....သော့နဲ့အတူ
နှလုံးသား........တံခါးဘေးမှာ
မချိတင်ကဲ........ငိုရှိုက်ရင်း
သော့ဖွင့်ုသံကို.....နားစွင့်ရင်းနဲ့
ကိုယ်လေ........ဆုတောင်းနေမိရဲ့
မင်းဆီက.........သော့တစ်ချောင်း
ပျောက်ဆုံးမသွားစေဖို့.......။ ။ ။

Thursday, September 6, 2007
တော်ဝင်မင်းသမီး ဒိုင်ယာနာ၏ ဆယ်နစ်ပြည့်-----

လွန်ခဲ့တဲ့၁၀နစ်က ပြင်သစ်တွင်ကားတိုက်မှုဖြစ်ပြီး ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာသေဆုံးခဲ့
သည်။ယခုukနှင့်လန်ဒန်တွင် ဒိုင်ယာနာသေဆုံးသည့်၁၀နစ်မြောက် အခမ်းအနားကိုကျင်းပခဲ့သည်။
သူမ၏သားတော်မင်းသားနစ်ပါးဖြစ်သည့် ၀ီလီယံနှင့်ဟယ်ရီတို့က ဘာမင်ဂန်နန်းတော်အနီးရှိ
Guard's ဘုရားကျောင်းတွင် ဆုတောင်းစာများကိုဦးဆောင်ရွတ်ဖတ်ခဲ့ကြရာ မင်းသားချားလ်စ်နှင့်ဘု
ရင်မကြီးတို့လည်းတက်ရောက်ခဲ့သည်။သို့သော် ချားလ်စ်၏ဒုတိယမိန်းမမင်းသမီး ကမ်မီလာမှာ
တက်ရောက်ခြင်းမရှိပေ။ ဒိုင်ယာနာ၏ ဈာပနာတွင်သီချင်းများဆိုခဲ့သည့် အယ်တန်ဂျွန်နှင့်အတူဝန်
ကြီးချုပ်ဂေါ်ဒန်ဘရောင်းလည်း အခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းသိရသည်။
Wednesday, September 5, 2007
ချစ်သု့နှုတ်ခမ်း
ချစ်သု့နှုတ်ခမ်း
ငါချစ်တဲ့သူရဲ့ နှုတ်ခမ်းတွေဟာ ငါ့ထာဝရ ပျော်မွေ့ဖွယ်။
အရှင့်ကို ထောပနာ ပြုပါတယ်၊ ကျွန့်နုလုံးသားရဲ့ဆန္ဒပြည့်ဝလို့။
အိုကြမ္မာ၊ မင့်ရင်အုံမှာ ငါ့အချစ်ကို ပြုစုယုယပါ။
ရွှေရောင် ၀ိုင်အရက်ခွက်ကို တစ်လှည့်၊ နှုတ်ခမ်းတွေရဲ့ ပတ္တမြားတွေ တစ်လှည့် ပေးပါ။
ငါတို့ကို အမနပ ပြောတယ်၊ အမှုးသမားတွေတဲ့။
မိုက်မဲတဲ့ လူအိုတွေ မိမိအမှားမှာ နစ်မွန်းနေတဲ့ သက်ကြီးတွေပဲ။
ဒါပေမဲ့ သူတော်ကောင်းတွေရဲ့ ကိုယ်စား ငါတို့ အပြင်း ကျင့်ပြီးပြီ။
ဘာသာရေးသမားတွေ လုပ်ခဲ့သမျှ အတွက် ဘုရားသခင်ထံ ခွင့်လွှတ်ဖို့ တောင်းရဲ့။
အို ငါ့အချစ်၊ မင်းနဲ့ခွဲခွာရမဲ့ အဖြစ်ကို ဘယ်လို ပြောရပါ့။
မျက်လုံးတွေက မျက်ရည်ပေါင်း တစ်ရာကို သိပါတယ်၊ ၀ိညာဉ်မှာတော့ သက်ပြင်းတစ်ရာ။`
မင့် ကိုယ်ကာယကို မနာလိုတဲ့ စိုက်ပရာ့စ်ပင်နဲ့ မင့်မျက်နာလောက် မတောက်ပတဲ့ လကို
မင့်အလှက ဖြစ်စေတဲ့ ဒုက္ခမျိုး ဒိဋ္ဌိကို တောင်မှ မခံစားစေချင်ဘူး။
မင်းနှုတ်ခမ်းတွေကို တောင့်တမှု့ဟာ ဟာဖိဇ်ရဲ့ အတွေးကနေ
သူ့ညနေ ဘုရားစာနဲ့ အရုဏ်ဦး ကျမ်းစာရွတ်မှုကို ခိုးယူသွားခဲ့ပေါ့။

Monday, September 3, 2007
မေတ္တာ-------Huesca
နှလုံးသားမဲ့ ကမ္ဘာရဲ့ နှလုံးသား
ချစ်သည်း မင့်ကို တွေးမိတဲ့ အတွေးဟာ
ငါ့မြင်ကွင်းကို တုန်လှုပ်သွားစေတဲ့ အရိပ်ပါ။
ညနေခင်း တိုက်ခတ်လာတဲ့လေဟာ
ဆောင်းဦးပေါက် နီးလာပြီ ဆိုတာ သတိရစေရဲ့။
မင့်ကို ဆုံးရှုံးသွားမှာ စိုးမိတယ်။
ငါ့အကြောက်ကို ငါ ကြောက်ရဲ့။
ငါတို့ရဲ့ မာနအတွက် နောက်ဆုံး ခြံစည်းရိုး
ဟူးစ်ကာသို့ နောက်ဆုံးမိုင်မှာ
ငါ့နံဘေးမှာ မင့်ကိုသိတာ
ကြင်နာစွာ စဉ်းစားပါ အချစ်ရာ။
ကံဆိုးက ငါ့ခွန်အားကို
ခပ်တိမ်တိမ် သချိုင်းမြေထဲ ထည့်ရင်
မင်း ပြုနိုင်ခဲ့တဲ့ ကောင်းမှုတွေကို သတိရပါ။
ငါ့မေတ္တာကိုလည်း မမေ့ပါစေချင်။ ။
John Cornfokrd

Sunday, September 2, 2007
Saturday, September 1, 2007
ကမ္ဘာ့အကြီးဆုံး----စိန်ကြီး

တောင်အာဖရိက မိုင်းတွင်း ကုမဏီငယ်လေးတစ်ခုက ကမ္ဘာ့အကြီးဆုံး စိန်ကြီးကိုရှာဖွေတွေ့ရှိခဲ့သည်။ စိန်ကြီးသည်၇၀၀၀ ကာရက်နီးပါးရှိပြီး ဗြိတိသျှသရဖူရတနာများ၏အဓိက အစိတ်အပိုင်းဖြစ်သည့်ကူလီနမ်စိန်ကြီး ထက်၂ဆပိုသည်ဟုသိရသည်။ စိန်ကြီးကိုဂျိုဟန်နက်စ်ဗာ့စ်ရှိဘဏ်သို့သယ်ဆောင်ပြီးသူ့၏တန်ဖိုးကို သတ်မှတ်လိမ့်မည်ဟုသိရသည်။ စိန်ကြီးရဲ့အရွယ်အစားမှာ အုန်းသီးတစ်လုံးအရွယ်ရှိပြီး အစိမ်းရောင်သမ်း နေကြောင်း-----
ဒီစိန်ကြီးသာရလို့ကတော့မန်ယူတစ်သင်းလုံးဝယ်ပစ်လိုက်မယ်...ဘာမှတ်နေလဲ...:P
Thursday, August 30, 2007
တော်တော်လက်ဆော့တဲ့.....ရုပ်ရှင်မင်းသား

သို့သော် salaman khan ကထောင်ဒဏ်ကိုပြောင်းလဲပစ်ရန်ရုံးတော်သို့ လျှောက်ထားခဲ့သည်။ သူ့ကို ဂျော့ပါးမြို့တွင်ဖမ်းဆီးခဲ့သည်။ သူ့ရဲ့ရှေ့နေများက မင်းသားရဲ့အမှု့အတွက် အထက်ရုံးတော်သို့ ဆက်လက် ရင်ဆိုင်သွားမည်ဟု သိရသည်။
မန်ယူတို့ရဲ့...........အောင်ပွဲ
ပရီးမီးယားနောက်ဆုံးပွဲစဉ်တွင် ချန်ပီယံဟောင်းမန်ယူနဲ့စပါးတို့ယှဉ်ပြိုင်ကစားခဲ့ကြသည်။ပထမ
ပိုင်းတွင် ဂိုးမရှိသရေကြခဲ့သည်။စပါးတို့ဘက်က ဂိုးသွူင်းခွင့်များရရှိခဲ့ သော်လည်းကံမကောင်းခဲ့ပေ
(ဟိ ဟိ ပျော်လိုက်တာ)။ လာပြီ..ခင်ဗျ..မန်ယူတိုက်စစ်မှူးသစ် နာနီ သည်၂၅ကိုက်အကွာမှ အပြင်း
ထန်ကန်သွင်းလိုက်သော ဘောလုံးမှာ ဂိုးဝင်သွားသဖြင့် မန်ယူတို့ ပရီးမီးယားရဲ့ ပ..ထ..မ..ဆုံး..
အောင်..ပွဲ..ရ..ခဲ့..ပါ..ကြောင်း..၀မ်း..မြောက်..စွာ..ဖြင့်..တင်..ပြ..လိုက်..ပါ..သည်။။။။

Monday, August 27, 2007
ခန်းလောက်ပါပြီ..............
စိတ်ကျန်းမာရေးဆေးရုံသို့ စမစ်တစ်ယောက် မောကြီးပန်းကြီးနှင့်ပြေးလာပြီး ဆရာဝန်ကြီးကို အခုလိုပြောတယ်။
စမစ်=ကယ်ပါဦး.....ဆရာရယ်။
ဆရာဝန်ကြီး=ကျွန်တော်က ဘာကိုကယ်ရမှာလဲဗျ။
စမစ်=ဆရာ....ကျွန်တော့်အိမ်ကို အခုချက်ချင်းလိုက်ခဲ့ပေးလို့ရမှာလား။
ဆရာဝန်ကြီး=ကျွန်တော်ဘာအတွက်လိုက်ရမှာလဲ။
စမစ်=ဒီလိုပါ....ကျွန်တော့်မိန်းမကသူကိုသူမာစီးဒီးလို့ ထင်နေလို့ပါ။
ဆရာဝန်ကြီး=ဟ.......အဲံဒါကောင်းတာပေါ့။ဘာမော်ဒယ်လ်လဲဟင်။
စမစ်=မနောက်ပါနဲ့ဆရာရယ်။ အခုလေ ဓာတ်ဆီတွေမှားသောက်ပြီးပါဝါစတီယာရင်လို့အော်ရင်းအိမ်ပတ်လည်
မှာပတ်ပြေးနေတယ်။
ဆရာဝန်ကြီး=ဒါဆိုရင်ကျွန်တော်လိုက်စရာမလိုတော့ဘူး။
စမစ်=ဘာဖြစ်လို့လဲ.........ဆရာ။
ဆရာဝန်ကြီး=သူ........ပြေးနေတာ တော်တော်ကြာပြီလား။
စမစ်=နာရီဝက်လောက်တော့ ရှိပြီထင်တယ်။
ဆရာဝန်ကြီး=ပူမနေနဲ့တော့၊အခုလောက်ဆို ခင်ဗျားမိန်းမခန္နကိုယ်ထဲကဓာတ်ဆီတွေ ခန်းလောက်ပြီ။

Friday, August 24, 2007
ပရီးမီးယားသရဖူကာကွယ်ရန် ဖာဂူဆန်စိုးရိမ်----------------
စနေနေ့ကမြို့ခံပြိုင်ဘက်မန်းစီးတီးကိုရူံးခဲ့ပြီးနောက် ပရီးမီးယားသရဖူကို ကာကွယ်ဖို့
အင်မတန်ခက်ခဲတဲ့ အခြေအနေကိုမန်ယူတို့ ရင်ဆိုင်နေရပြီဟု မန်ယူနည်းပြဖာဂူဆန်
ကပြောကြားခဲ့သည်။မန်ယူ3ပွဲကစား၊2ပွဲသရေ၊1ပွဲရှူံး 2မှတ်ရကာအဓိကပြိုင်ဘက်ချဲလ်
ဆီးအောက်5မှတ်လျော့နေသည်။ တနင်္ဂနွေနေ့ပွဲအပြီးဉ် နည်းပြကြီး ဖာဂီက ကျွန်တော်
တို့မှာအင်မတန်ခက်ခဲတဲ့ တိုက်ပွဲတစ်ခုကိုရင်ဆိုင်နေရဖို့သံသရရှိစရာမလိုပါဘူး။ကျွန်
တော်တို့လောလောဆယ်ဆယ် တစ်ပွဲလောက်အနိုင်ရဖို့လိုပါတယ်။်။ တနင်္ဂနွေနေ့မှာ
ကစားမဲ့ပွဲစဉ်ဟာကျွန်တော့်တို့အတွက် အင်မတန်အရေးကြီးပါတယ်။

ချစ်တတ်လိုက်တာ-----------
ဝက်စ်ဟမ်းတိုက်စစ်မှူးဘယ်လာမီသည် မိန်းမမီးဖွားမည့်ကိစ္စကြောင့်ဝေးလ်အသင်း၏
ဘူဂေးရီးယား နှင့်ကစားမည့်ပွဲစဉ် လွဲချော်ဖွယ်ရှိသည်။
ထို့ကြောင့် ငှင်း၏နေရာတွင် ၀ူးလ်တိုက်စစ်မှူး အီးစ်ဝုဒ်က၀င်ရောက်ကစားဖွယ်ရှိသည်ဟု ကြားသိရ
သည်။
သူတို့များ မိန်းမကိုချစ်တတ်လိုက်တာများ အားတောင်ကျပါရဲ့.......

Thursday, August 23, 2007
Wednesday, August 22, 2007
အပျိုကြီးများအတွက် ချစ်သူဖက်အုံး
ဂျပန်နိုင်ငံကနေတီထွင်ထုပ်လုပ်လိုက်တဲ့ချစ်သူဖက်အုံးပါ။
အပျိုကြီးတွေအတွက်ရည်ရွယ်ပြီး ထုတ်လုပ်တာလို့ပြော
ပါတယ်။ဒီဖက်အုံးကိုအသုံးပြုတဲ့ ဂျပန်အပျိုကြီးတစ်ယောက်ကတော့ 
"တစ်ကယ့်ချစ်သူလိုပါပဲ နွေးထွေးမူကိုပေးတယ် ပြီးတော့သစ္စာလည်းမဖောက်ဘုး"
လို့သူမကဆိုပါတယ်။ ဈေးနုန်းကတော့ဂျပန်ယန်း(၈၅၀) ဒေါ်လာ(၈၀)ကျပါတယ်။
အခုလောလောဆယ်ဆယ်တော့ဂျပန်မှာပဲဝယ်လို့ရပါတယ်။
မြန်မာပြည်ကအပျိုကြီးများ သစ္စာရှိတဲ့ချစ်သူကိုလိုချင်ရင် ဒီဖက်အုံးကြီးသာအသုံးပြုပါလို့.......................

Tuesday, August 21, 2007
ခေါင်းဆောင်ဖြစ်သုမှာရှိရမဲ့ အခြေခံအချက်များ
---အဖွဲ့အစည်းမှာသစ္စာရှိရမယ် သာကူးမဖြစ်ရဘူး။
---ပညာတတ်ဖို့လိုတယ် စာဖတ်နေဖို့လိုတယ်။
---သွက်လက်ဖျတ်လတ်သော(၀ါ)ခိုင်ခိုင်မာမာရပ်တည်ရဲသည့် အရည်းအချင်းများရှိသော။
---အချက်အလက်နင့်စကားပြောကောင်းသူက္ကုနြေ္ဒသိက္ခာရှိမူ
တန်းဖိုးထားမူ တည်ကြည်မူေ ကြာက်ခြင်း စိုးရိမ်ခြင်းကင်းမူပိုင်ရမည်။
---ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်ခြင်း။
---သုတေသနပြုနေရု တိုးတက်ကောင်းမွန်အောင်ပြုလုပ်လိုသော
ဆန္ဒရှိခြင်းစတဲ့ အရည်အချင်းထပ်ဆောင်း
လိုက်မှ ခေါင်းဆောင်ကောင်းဖြစ်လာမှာလို့ သတိပြု ရပါမယ်။

Monday, August 20, 2007
အခုတလော မျက်ရိုးတွေကိုက်တယ်ဗျာ...ဘလော့လေးတွေရေးချင်ပေမဲ့
ကွန်ပြုတာကိုကောင်းကောင်းမကြည့်နိုင်လို့သီးခံနေရတယ်...မျက်မှန်လည်းမတတ်ချင်ဘူး...
အဖွားကြီးနဲ့တူမှာဆိုးလို့ ဟီး ဟီး....ကျွန်တော်ဘလော့ရေးတာနောက်ကျတတ်တဲ့ အတွက်
စိတ်မဆိုးကြပါနဲ့လို့ ဒီကနေတောင်းပန်ပါရစေ....ကျွန်တော်ဘလော့လေးက
သိပ်မကောင်းပေမဲ့ လာလည်ကြတဲ့ သယ်ချင်းအားလုံးကို ကျေးကျုးကမ္ဘာ..................

Wednesday, August 15, 2007
စိတ်မကောင်းစရာ သတင်းတွေဆိုရင် မကြားချင်ဘူးဗျာ........အခုတလော ဘယ်နေရာမဆို ရေကြီးတဲ့သတင်းတွေပဲကြားကြား နေရတယ်...
စိတ်မကောင်းဘူးဗျာ...မြန်မာနိုင်ငံတစ်ခုထဲ
တော့မဟုတ်ဘူး
အိမ်းနီးချင်းနိုင်ငံတွေ ဖြစ်တဲ့အင်းဒီးယား၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန် နဲ့ တခြားနိုင်ငံများပါ ရေလွှမ်းခြင်းကို ကြုံတွေ့နေရရှာတယ်...
.လောလောဆယ် မြန်မာပြည်မှာတော့
ကလေး၊ဟုမ္မလင်း၊ညောင်းဦး နှင့် ဧရာဝတီမြစ်ရိုးနားမှာရှိတဲ့ ရွာနှင့်မြို့များ ကရေဘေးဒုက္ခကိုခံစားနေကြရတယ်.
.
.ဒါမျိုးကြီးကို ဘယ်သူကဖြစ်ချင်မှာလဲ....ဟုတ်ဖူးလား.....သဘာဝတ
ရားကြီးကနေ ဖြစ်တွားတာပဲလေ...တတ်နိုင်တလောက်တော့ ကူညီချင်ပါတယ်..
.ခုတော့သူတို့အတွက်ဆုတောင်းပေးနေလိုက်ပါတယ်....
ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်ဆိုးတွေကနေ လူသားအားလုံးလွတ်မြောက်နိုင်ကြပါစေ။ ။ ။ ။ ။
ွ

Friday, August 10, 2007
ကျွန်မအရမ်း ၀မ်းနည်း နေတယ်။လူတွေကဘာလို့အကျင့်မကောင်းကြတာလဲ။
ကျွန်မရဲ့ ဖိနပ်လေး ပျောက်သွား တယ်။ အလုပ်မှာပဲ ပျောက်ခဲ့တယ်။
ကျွန်မစာသင်ပြီးလို့ အခန်းအပြင်ကို ထွက်လိုက်တော့ မရှိတော့ဘူး။
ဒီလိုလုပ် သင့်တလား စဉ်းစားကြည့်ကြပါ။
ကိုယ့် တန်းဖိုးရှိရှိမရှိကျွန်မနစ်သက်နေရင် ဘယ်လိုမှ စိတ်ဖြေလို့ မရဘူး။ အစားလဲ ထိုးလို့မရဘူး။
ခုလဲစိတ်ထဲမှာ တင်းကျပ်နေတယ်။ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ မှားစီးသွားရင်လဲ ကျွန်မ ကိုပြန်ပေးကြပါလို့..........
ဒီနေရာကနေ မျက်ရည်စီးကြောင်းမြောက်များစွာဖြင့် အသနားခံလိုက်ပါတယ်။

Thursday, August 2, 2007
Tuesday, July 31, 2007
ကျွန်မ နစ်သက်သောကဗျာလေး..........
မကြည့်မိအောင်သတိထားပေမယ့်
ငါ့မျက်ဝန်းတွေ မင်းဆီရောက်ရောက်သွားတယ်
ရင်မခုန်အောင်ထိန်းချုပ်ရင်း
အသက်ရူ ကျပ်ကျပ်လာတယ်
မတွေးမိအောင် နေနေသော်လည်း
စက္ကန့်တိုင်းမှာ မင်းအကြောင်းပဲ
အနိုင်လိုချင်ပေမဲ့လည်း
ရူံးနိမ့်နေတယ်
မချစ်မိအောင် ကြိုးစားနေရင်း
နှလုံးသား တစ်ခုလုံးနင်းသက်ထားမိတယ်
ငါ့အဖြစ်ကို နင်မသိသော်လည်း
နင့်ကို 'သိပ်ချစ်တယ်'လို့ပြောချင်တယ်*****
Monday, July 30, 2007
လူတွေနဲံပြေလည်အောင်ဘယ်လိုညှိနိုင်း
၁-အရာအားလုံးနီးပါးဟာ ညှိနိုင်းလို့ရတယ်လို့ သိထားလိုက်ပါ။
လူတွေက"ဟုတ်တယ်"နဲ့"မဟုတ်ဘူး"ဆိုတာပဲပြောချင်ကြတယ်။အမှန်က အောင်မြင်စွာညှိလို့ရတဲ့နည်းတွေအ
များကြီးရှိပါတယ်။တကယ်လို့ဘာမှညှိနိုင်းခြင်း မလုပ်ချင်ဘူးဆိုရင် စောစောကတည်းက ကိုယ့်အကြိုက်က ဘာလဲ
ဆိုတာ ဆုံးဖြတ်ထားပါ။
၂-တစ်ဦးနဲ့တစ်ဦး အယူအဆတူရမယ်ဆိုတဲ့ ထောင်ချောက်ကိုရှောင်ပါ။
လူတွေက ပေါင်းသင်းဆက်ဆံမူ ပျက်ပြားသွားမှာကို စိုးရိမ်ကြတယ်။ကိုယ်သိတဲ့လူ၊ ကိုယ်သဘောကျတဲ့လူကို
ဆိုရင် 'ဟင့်အင်း' လို့ငြင်းရမှာအင်မတန်ခဲယဉ်းပါတယ်။ အဲဒီအယူအဆကိုရှောင်လိုက်ပါ။ ညှိနိုင်းမူ ထူးထူးခြားခြား
အောင်မြင်တာကို တွေ့ရလိမ့်မယ်။ ကိုယ်တောင်းဆိုတာတွေ အကုန်မရဘူးလို့ ထင်တဲ့အချိန်မှာ အများစုကိုရခဲ့
တယ်ဆိုတာ အံ့သြလောက်အောင် တွေ့ရပါလိမ့်မယ်။
၃-'ဟင့်အင်း'လို့ငြင်းဆိုရမှာကို မကြောက်ပါနဲ့။
လူတွေက ပေါင်းသင်းဆက်ဆံရေး မပျက်ပြားဖို့ တန်းဖိုးထားကြတဲ့အတွက် ငြင်းဆိုရမှာကို ၀န်းလေးတတ် ကြ
တယ်။ လူတိုင်းကိုပျော်ရွှင်စေချင်တာကိုး။ အနုတ်လက္ခဏာ အဖြေထွက်မှာကိုလည်း စိုးရိမ်တယ်။ 'ဟင့်အင်း'လို့
ုငြင်းဆန်ရတာဟာ ပုဂ္ဂုလ်ရေးမဟုတ်ပါဘူး။ ဒါဟာသတင်းအချက်အလက် ဖလှယ်တဲ့ နည်းလမ်းတစ်ခုပါ။ တစခါ
တစ်ရံတစ်ဖက်လူက ကိုယ်လိုချင်တဲ့အဖြေပြောလာဖို့ကိုယ်က'ဟင့်အင်း'လို့ပြောရတာမျိုှးရှိပါတယ်။ တကယ်
လို့သင်ဟာ အပြိုင်အဆိုင်ညှိနိုင်းရေးစတိုင်ကို ကြိုက်တဲ့သူဆိုရင်'ဟင့်အင်း'ဆိုတဲ့စကားကို ဟာသလေးရောပြီး
ပြောတာ အလွန်ထိရောက်ပါတယ်။
အဲဒီစကားကို ရန်စွယ်ငေါငေါနဲ့ ကျယ်ကျယ်လောင်လောင် ပြောဖို့မလိုပါဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့
ထောက်ပြရုံပါပဲ။ ခိုင်မာရပါမယ်။ တစ်ဖက်က မလိုက်နာနိုင်ဘူးဆိုလည်း ပြန်လှည့်ချင်စိတ်ရှိဖို့ လိုပါတယ်။
ဒီနည်းက ကိုယ်လိုချင်တာရဖို့ပေါ့။ကိုယ်က အလျှော့အတင်းလုပ်နိုင်တယ်ဆိုရင် သူတို့နဲ့အလုပ်ဖြစ်ချင်
တယ်ဆိုရင် ဒီနည်းက အဆင်ပြေပါတယ်။ ဒါပေမဲ့ အခြေခံကတော့ ကိုယ်ကငြင်းလိုက်ရင် သူတို့ပြန်လာဖို့မ
မျှော်လင့်နိုင်တော့ဘူး။
၎-တခြားလူအတွက်လို့ထင်ရအောင်လုပ်ပါ။
လူတွေဟာ ကိုယ့်အရေးကိုယ့်အရာအတွက်တောင်းဆိုညှိနိုင်းရတာမျိုးကို အထင်မခံလိုကြဘူး။ ကုမဏီအ
တွက် ပြောရတာမျိုးဆိုရင်ဘာမှပြသ၁နာမရှိဘူး။ ကိုယ့်အတွက်ဆိုရင် တစ်ကိုယ်ကောင်းဆန်တယ် အတ္တကြီး
တယ်လို့အထင်ခံရမှာစိုးတယ်။
ဒီတော့ ကိုယ်အတွက်ပြောတဲ့အခါ တခြားလူအတွက်ပဲလို့ သဘောထားပြီး ပြောပေတော့။ကိုယ်ဂရုစိုက်ရ
မယ့် လူတစ်ယောက်အတွက် သဘောမျိုးပေါ့။သူငယ်ချင်း အတွက်ဆိုတာမျိုးပေါ့။ အဲဒီသဘောနဲ့ ဆွေးနွေးပါ။
၅-ကိုယ်ဟာကိုယ်ပြောပါ။
ဒီနည်းကလည်း ထိရောက်ပါတယ်။ ညှိနိုင်းမူမစခင်မှာ ကိုယ့်တစ်ယောက်တည်း ပြောနေဖို့ပါပဲ။ကိုယ်ပြောနေ
တဲ့အချိန်မှာ အကောင်းဆုံးနားထောင်သူပရိသတ်ကကိုယ်ကိုယ်တိုင်ပါ။ ကိုယ်ပြောတာကိုကိုယ်သဘောကျ
လက်ခံပြီဆိုရင် တခြားလူတွေလည်း လက်ခံမှာပါပဲ။

Saturday, July 28, 2007
ဘလော့ပွဲလေး ပေါ့
ဒီနေ့ဟာ ပျော်စရာကောင်းတဲ့နေ့လေးပေါ့.. xeon cyber မှာ ဘလော့ပွဲလေးတစ်ခု ကျင်းပခဲ့တယ်.....ပါဝင်သူတွေကတော့....service+ မှ အားခင်..ထက်.ချော.ဟောပြောသူ သဲသဲ...ဘလော့ဂါတွေလဲတက်ရောက်ုကတယ်....လူတွေကလည်းအပြည့်ပဲ.....ဟိ ဟိ..ချော အုကိုက်ဆုံးကတော့ ပွဲပြီးတဲ့ ချိန်မှာ မုန့်နဲ့ ကျွေးမြေးတဲ့ အစီအစဉ်က အကောင်းဆုံးပဲ....နောက်လည်း နဲ့ ကျွေးမြေးနိုင် ပါစေ လို့......
ှ
ှ

Thursday, July 19, 2007
နာရေးကြော်ငြာ----------------
၁--ချစ်လားဟင်..
"ချစ်တာပေါ့"
၂--ဘယ်လောက်ချစ်..
"မိုးလောက်ကြီးချစ်"
၃--ဘယ်ထဲကချစ်..
"ရင်ထဲကချစ်"
၎--ဘယ်တော့မှမခွဲကြေးနော်..
"နစ်ကိုယ်ကြား'လေ'လေးခြားရင်တောင်ဝေးတယ်ထင်နေရသူပါကွယ်"
"နာရေးကြော်ငြာ"
နုလုံးသားမြို့အသည်းအထူးကုဆေးရုံကြီး ရင်ကွဲနာဌာန အခန်းအမှတ်၁၅၀၀တွင် ကုသမူခံယူလျက်ရှိသော မောင်နလဗိန်းတုန်းသည် တားမြစ်ထားသောမာယာစကားများကို အလွန်အကျွံယုံစားမိသောကြောင့် မာယာကင်ဆာဖြင့်လည်းကောင်း၊ အလွန်တရာစွဲဆောင်အားကောင်းသောအမွှေးအကြိုင်ကိုယ်သင်းရနံ့များ၏ တိုက်ခိုက်မူကြောင့်အသည်းခုခံကျဆင်းမူဖြင့်လည်းကောင်း၊ အမို့အမောက်အစပ်အဟပ်တဲ့သော ခနာကိုယ် အစိတ်အပိုင်းအသီးသီး မှပစ်လွှတ်လိုက်သောအလှအပ အဆိပ်လူးမြှား တို့၏ဒဏ်ကြောင့် ယဲ့ယဲ့သာကျန်လျက် ရှိသောနုလုံးသားအားစက်ရုပ်တစ်ရုပ်၏ နုလုံးသားနင့်အစားထိုး လဲလှယ်နေစဉ် အပြည်ပြည်ဆိုင်ရာ အသည်းကွဲနေ့ မွန်းလွဲချိန်၌ရုတ်တရက် ကွယ်လွန်သွားပါကြောင်း------------

Thursday, July 12, 2007
စိတ်အာဟာရများ-------------
ဘ၀၏အမြင့်ဆုံးပန်းတိုင်သို့ရောက်ရန်လှေကားထစ်မြောက်မြားစွာကို ကြိုးစားပန်းစားတက်ခဲ့ရသော်လည်း ဘ၀အောက်ဆုံးသို့ပြန်ဆင်းသွားရန် အတွက်မူခြေတလှမ်းတည်းသာလိုသည်။
(စစ်ဗိုလ်ချုပ်ကြီး နပိုလီယံ)
ကြောက်သင့်ခြင်းနှင့်မကြောက်သင့်ခြင်းကိုခွဲခြား သိမြင်ခြင်းသည်ပင်လျှင်ပညာရှိ ဖြစ်စေသည်။
(ဂရိပညာရှင် ဆိုကရေးတီး)
မိမိဘ၀သည် ကျဆုံးမူတစ်ခုနှင့်ကြုံတိုင်းထိုအခြေအနေနှင့်အတူ တိုးတတ်စရာလမ်းစလည်းလို့ဝှက်စွာပါလာတတ်
သည်။ထိုလမ်းစကိုတွေ့အောင်ရှာ၍ပိုင်နိုင်စွာအသုံးချပါ။
(အတတ်ကျမ်းပညာရှင် နပိုလီယံတီးလ်)
ကြီးမားသည့်အတားအဆီးဟူသည် သင့်မျက်စိကိုပန်းတိုင်းမှလွှဲဖယ်လိုက်မိစဉ် မြင်ရတတ်သည့်ကြောက်မက်
ဖွယ်ရာတို့ကိုဆိုလိုပေသည်။
(ဟင်နရီဖို့ဒ်)
ဒေါသဖြင့်လဲနောက်ကြောင်းပြန်မကြည့်နဲ့။ကြောက်စိတ်ဖြင့်လည်းရှေ့ရေးကိုမတွေးနဲ့။ပညာသတိဖြင့်သာပတ်
ဝန်းကျင်ကိုရူမြင်ပါ။
(ဂျိမ်းစ်သာဗာ)
သတ္တိစိတ်ဟူသည်ကူးစက်တတ်၏။ရဲဝံ့သူတစ်ယောက်ရှေ့မှ မားမားမတ်မတ် ရပ်ပါကကျန်လူများမှာ ကြက်သီး
မွှေးညင်းထကာ စိတ်အားတက်ကြွလာလေ၏။
(ကမ္ဘာကျော်အတွေးအခေါ်ပညာရှင် ဘီလီဂရေဟမ်)်

Wednesday, July 11, 2007
Kiss is the language of Love
+++kiss on the ear..........."I'm honey"
+++kiss on the cheek..........."we're friends"
+++kiss on the hand............."I adore you"
+++kiss on the neck............."we belong together"
+++kiss on the shoulder..........."I want you"
+++kiss on the lips....................."I love you & I want you"
+++holding hands......................we can learn to love each other
+++a wink...................................let's get it on
+++slap on the butt...................that's mine
+++playing with the ear...........i can't live without you
+++holding on tight...................don't let go
+++looking into each other's eyes............let's get romantic
+++pulling hair on head.............................tell me you love me
+++arms around the waist........................I love you too mush to let go
ဒီအကြောင်းအရာလေးတွေကတော့ ဗဟုသုတအနေနဲ့ တင်ပြလိုက်တာပါ။။

ဘ၀အတွက်ကျွမ်းကျင်ရာများ
၁--မိမိကိုယ်ကိုသတိပြုတတ်သည့်စွမ်းရည်
၂--ဆုံးဖြတ်ချက်မှန်ကန်စွာ ချတတ်သည့်စွမ်းရည်နှင့်ပြသ၁နာကိုကောင်းစွာဖြေရှင်းနှိင်သည့်စွမ်းရည်
၃--ပုဂ္ဂိုလ်ရေးဆက်ဆံမှုစွမ်းရည် နှင့်ထိရောက်သော ဆက်သွယ်ရေး
၎--စိတ်သောကဖိစီးမူနှင့် စိတ်လှုပ်ရှားမူကို ရင်ဆိုင်ဖြေလျော့နှိင်မူစွမ်းရည်
၅--ချင့်ချိန်စဉ်းစားနှိင်သည့် စွမ်းရည်နှင့်တီထွင်ကြံဆ ဖန်တီးနှိင်မူစွမ်းရည်
၆--စာနာထောက်ထား စိတ်ထားရှိနှိင်သည့် စွမ်းရည်
၇--တန်းဖိုးထားသည့် အကြောင်းအရာများကို ရှင်းလင်းနှိင်သည့် စွမ်းရည်

Saturday, July 7, 2007
မဂ๎လာပါ-------
Subscribe to:
Posts (Atom)