Thursday, August 30, 2007

တော်တော်လက်ဆော့တဲ့.....ရုပ်ရှင်မင်းသား

ဘောလီးဝုဒ်စတားsalaman khan ကိုဥပဒေမဲ့ အမဲလိုက်ခြင်းနုင့်ပတ်သက်ရု ရာဂျာစတန်တရားရုံး ကထောင်ဒဏ်၅နစ်ချမှတ်လိုက်သည်။ မင်းသားသည် အစိုးရတားမြစ်ထားသည့် သမင်ကို ၁၉၉၈ခုနစ် တွင်အမဲလိုက်ခဲ့သဖြင့် ၂၀၀၆တွင်တရားရုံးက သူ့ကိုထောင်ဒဏ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် salaman khan ကထောင်ဒဏ်ကိုပြောင်းလဲပစ်ရန်ရုံးတော်သို့ လျှောက်ထားခဲ့သည်။ သူ့ကို ဂျော့ပါးမြို့တွင်ဖမ်းဆီးခဲ့သည်။ သူ့ရဲ့ရှေ့နေများက မင်းသားရဲ့အမှု့အတွက် အထက်ရုံးတော်သို့ ဆက်လက် ရင်ဆိုင်သွားမည်ဟု သိရသည်။

မန်ယူတို့ရဲ့...........အောင်ပွဲ

ပရီးမီးယားနောက်ဆုံးပွဲစဉ်တွင် ချန်ပီယံဟောင်းမန်ယူနဲ့စပါးတို့ယှဉ်ပြိုင်ကစားခဲ့ကြသည်။ပထမ
ပိုင်းတွင် ဂိုးမရှိသရေကြခဲ့သည်။စပါးတို့ဘက်က ဂိုးသွူင်းခွင့်များရရှိခဲ့ သော်လည်းကံမကောင်းခဲ့ပေ
(ဟိ ဟိ ပျော်လိုက်တာ)။ လာပြီ..ခင်ဗျ..မန်ယူတိုက်စစ်မှူးသစ် နာနီ သည်၂၅ကိုက်အကွာမှ အပြင်း
ထန်ကန်သွင်းလိုက်သော ဘောလုံးမှာ ဂိုးဝင်သွားသဖြင့် မန်ယူတို့ ပရီးမီးယားရဲ့ ပ..ထ..မ..ဆုံး..
အောင်..ပွဲ..ရ..ခဲ့..ပါ..ကြောင်း..၀မ်း..မြောက်..စွာ..ဖြင့်..တင်..ပြ..လိုက်..ပါ..သည်။။။။

Monday, August 27, 2007

ခန်းလောက်ပါပြီ..............

စိတ်ကျန်းမာရေးဆေးရုံသို့ စမစ်တစ်ယောက် မောကြီးပန်းကြီးနှင့်ပြေးလာပြီး ဆရာဝန်ကြီးကို အခုလိုပြောတယ်။

စမစ်=ကယ်ပါဦး.....ဆရာရယ်။
ဆရာဝန်ကြီး=ကျွန်တော်က ဘာကိုကယ်ရမှာလဲဗျ။
စမစ်=ဆရာ....ကျွန်တော့်အိမ်ကို အခုချက်ချင်းလိုက်ခဲ့ပေးလို့ရမှာလား။
ဆရာဝန်ကြီး=ကျွန်တော်ဘာအတွက်လိုက်ရမှာလဲ။
စမစ်=ဒီလိုပါ....ကျွန်တော့်မိန်းမကသူကိုသူမာစီးဒီးလို့ ထင်နေလို့ပါ။
ဆရာဝန်ကြီး=ဟ.......အဲံဒါကောင်းတာပေါ့။ဘာမော်ဒယ်လ်လဲဟင်။
စမစ်=မနောက်ပါနဲ့ဆရာရယ်။ အခုလေ ဓာတ်ဆီတွေမှားသောက်ပြီးပါဝါစတီယာရင်လို့အော်ရင်းအိမ်ပတ်လည်
မှာပတ်ပြေးနေတယ်။
ဆရာဝန်ကြီး=ဒါဆိုရင်ကျွန်တော်လိုက်စရာမလိုတော့ဘူး။
စမစ်=ဘာဖြစ်လို့လဲ.........ဆရာ။
ဆရာဝန်ကြီး=သူ........ပြေးနေတာ တော်တော်ကြာပြီလား။
စမစ်=နာရီဝက်လောက်တော့ ရှိပြီထင်တယ်။
ဆရာဝန်ကြီး=ပူမနေနဲ့တော့၊အခုလောက်ဆို ခင်ဗျားမိန်းမခန္နကိုယ်ထဲကဓာတ်ဆီတွေ ခန်းလောက်ပြီ။

Friday, August 24, 2007

ပရီးမီးယားသရဖူကာကွယ်ရန် ဖာဂူဆန်စိုးရိမ်----------------

စနေနေ့ကမြို့ခံပြိုင်ဘက်မန်းစီးတီးကိုရူံးခဲ့ပြီးနောက် ပရီးမီးယားသရဖူကို ကာကွယ်ဖို့
အင်မတန်ခက်ခဲတဲ့ အခြေအနေကိုမန်ယူတို့ ရင်ဆိုင်နေရပြီဟု မန်ယူနည်းပြဖာဂူဆန်
ကပြောကြားခဲ့သည်။မန်ယူ3ပွဲကစား၊2ပွဲသရေ၊1ပွဲရှူံး 2မှတ်ရကာအဓိကပြိုင်ဘက်ချဲလ်
ဆီးအောက်5မှတ်လျော့နေသည်။ တနင်္ဂနွေနေ့ပွဲအပြီးဉ် နည်းပြကြီး ဖာဂီက ကျွန်တော်
တို့မှာအင်မတန်ခက်ခဲတဲ့ တိုက်ပွဲတစ်ခုကိုရင်ဆိုင်နေရဖို့သံသရရှိစရာမလိုပါဘူး။ကျွန်
တော်တို့လောလောဆယ်ဆယ် တစ်ပွဲလောက်အနိုင်ရဖို့လိုပါတယ်။်။ တနင်္ဂနွေနေ့မှာ
ကစားမဲ့ပွဲစဉ်ဟာကျွန်တော့်တို့အတွက် အင်မတန်အရေးကြီးပါတယ်။

ချစ်တတ်လိုက်တာ-----------

ဝက်စ်ဟမ်းတိုက်စစ်မှူးဘယ်လာမီသည် မိန်းမမီးဖွားမည့်ကိစ္စကြောင့်ဝေးလ်အသင်း၏

ဘူဂေးရီးယား နှင့်ကစားမည့်ပွဲစဉ် လွဲချော်ဖွယ်ရှိသည်။

ထို့ကြောင့် ငှင်း၏နေရာတွင် ၀ူးလ်တိုက်စစ်မှူး အီးစ်ဝုဒ်က၀င်ရောက်ကစားဖွယ်ရှိသည်ဟု ကြားသိရ
သည်။

သူတို့များ မိန်းမကိုချစ်တတ်လိုက်တာများ အားတောင်ကျပါရဲ့.......

Thursday, August 23, 2007

----အရာရာကိုစိတ်ဓာတ်အင်အားနဲ့ကျော်ဖြတ်မယ်၊ စိတ်ဓာတ်ြံကံခိုင်ရင်အရာရာ

ကိုရင်ဆိုင်နိုင်ရင်အောင် မြင်မှာပဲ။

----လူတွေဟာဘယ်လောက်ပဲအတ္တကြီးမားပါစေ နောက်ဆုံးတော့အမှန်တရားရဲ့

အောက်မှာပဲငုံလျှိုး သေးငယ်သွား ကြရမှာပဲ။

----လူတစ်ယောက်ရဲ့တန်းဖိုးဟာအဲဒီလူအသက်ရှင်စဉ်မှာပြုလုပ်ခဲ့တဲ့

အလုပ်တွေပေါ်မူတည်ပါတယ်။





Wednesday, August 22, 2007

အပျိုကြီးများအတွက် ချစ်သူဖက်အုံး

ဂျပန်နိုင်ငံကနေတီထွင်ထုပ်လုပ်လိုက်တဲ့ချစ်သူဖက်အုံးပါ။

အပျိုကြီးတွေအတွက်ရည်ရွယ်ပြီး ထုတ်လုပ်တာလို့ပြော
ပါတယ်။ဒီဖက်အုံးကိုအသုံးပြုတဲ့ ဂျပန်အပျိုကြီးတစ်ယောက်ကတော့ 

"တစ်ကယ့်ချစ်သူလိုပါပဲ နွေးထွေးမူကိုပေးတယ် ပြီးတော့သစ္စာလည်းမဖောက်ဘုး"

လို့သူမကဆိုပါတယ်။ ဈေးနုန်းကတော့ဂျပန်ယန်း(၈၅၀) ဒေါ်လာ(၈၀)ကျပါတယ်။

အခုလောလောဆယ်ဆယ်တော့ဂျပန်မှာပဲဝယ်လို့ရပါတယ်။

မြန်မာပြည်ကအပျိုကြီးများ သစ္စာရှိတဲ့ချစ်သူကိုလိုချင်ရင် ဒီဖက်အုံးကြီးသာအသုံးပြုပါလို့.......................



Tuesday, August 21, 2007

ခေါင်းဆောင်ဖြစ်သုမှာရှိရမဲ့ အခြေခံအချက်များ

---အဖွဲ့အစည်းမှာသစ္စာရှိရမယ် သာကူးမဖြစ်ရဘူး။

---ပညာတတ်ဖို့လိုတယ် စာဖတ်နေဖို့လိုတယ်။

---သွက်လက်ဖျတ်လတ်သော(၀ါ)ခိုင်ခိုင်မာမာရပ်တည်ရဲသည့် အရည်းအချင်းများရှိသော။

---အချက်အလက်နင့်စကားပြောကောင်းသူက္ကုနြေ္ဒသိက္ခာရှိမူ
တန်းဖိုးထားမူ တည်ကြည်မူေ ကြာက်ခြင်း စိုးရိမ်ခြင်းကင်းမူပိုင်ရမည်။

---ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်ခြင်း။

---သုတေသနပြုနေရု တိုးတက်ကောင်းမွန်အောင်ပြုလုပ်လိုသော
ဆန္ဒရှိခြင်းစတဲ့ အရည်အချင်းထပ်ဆောင်း
လိုက်မှ ခေါင်းဆောင်ကောင်းဖြစ်လာမှာလို့ သတိပြု ရပါမယ်။



Monday, August 20, 2007

အခုတလော မျက်ရိုးတွေကိုက်တယ်ဗျာ...ဘလော့လေးတွေရေးချင်ပေမဲ့

ကွန်ပြုတာကိုကောင်းကောင်းမကြည့်နိုင်လို့သီးခံနေရတယ်...မျက်မှန်လည်းမတတ်ချင်ဘူး...

အဖွားကြီးနဲ့တူမှာဆိုးလို့ ဟီး ဟီး....ကျွန်တော်ဘလော့ရေးတာနောက်ကျတတ်တဲ့ အတွက်

စိတ်မဆိုးကြပါနဲ့လို့ ဒီကနေတောင်းပန်ပါရစေ....ကျွန်တော်ဘလော့လေးက

သိပ်မကောင်းပေမဲ့ လာလည်ကြတဲ့ သယ်ချင်းအားလုံးကို ကျေးကျုးကမ္ဘာ..................



Wednesday, August 15, 2007

စိတ်မကောင်းစရာ သတင်းတွေဆိုရင် မကြားချင်ဘူးဗျာ........အခုတလော ဘယ်နေရာမဆို ရေကြီးတဲ့သတင်းတွေပဲကြားကြား နေရတယ်...

စိတ်မကောင်းဘူးဗျာ...မြန်မာနိုင်ငံတစ်ခုထဲ
တော့မဟုတ်ဘူး

အိမ်းနီးချင်းနိုင်ငံတွေ ဖြစ်တဲ့အင်းဒီးယား၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန် နဲ့ တခြားနိုင်ငံများပါ ရေလွှမ်းခြင်းကို ကြုံတွေ့နေရရှာတယ်...

.လောလောဆယ် မြန်မာပြည်မှာတော့
ကလေး၊ဟုမ္မလင်း၊ညောင်းဦး နှင့် ဧရာဝတီမြစ်ရိုးနားမှာရှိတဲ့ ရွာနှင့်မြို့များ ကရေဘေးဒုက္ခကိုခံစားနေကြရတယ်.
.
.ဒါမျိုးကြီးကို ဘယ်သူကဖြစ်ချင်မှာလဲ....ဟုတ်ဖူးလား.....သဘာဝတ
ရားကြီးကနေ ဖြစ်တွားတာပဲလေ...တတ်နိုင်တလောက်တော့ ကူညီချင်ပါတယ်..

.ခုတော့သူတို့အတွက်ဆုတောင်းပေးနေလိုက်ပါတယ်....

ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်ဆိုးတွေကနေ လူသားအားလုံးလွတ်မြောက်နိုင်ကြပါစေ။ ။ ။ ။ ။
ွ





Friday, August 10, 2007

ကျွန်မအရမ်း ၀မ်းနည်း နေတယ်။လူတွေကဘာလို့အကျင့်မကောင်းကြတာလဲ။

ကျွန်မရဲ့ ဖိနပ်လေး ပျောက်သွား တယ်။ အလုပ်မှာပဲ ပျောက်ခဲ့တယ်။

ကျွန်မစာသင်ပြီးလို့ အခန်းအပြင်ကို ထွက်လိုက်တော့ မရှိတော့ဘူး။

ဒီလိုလုပ် သင့်တလား စဉ်းစားကြည့်ကြပါ။

ကိုယ့် တန်းဖိုးရှိရှိမရှိကျွန်မနစ်သက်နေရင် ဘယ်လိုမှ စိတ်ဖြေလို့ မရဘူး။ အစားလဲ ထိုးလို့မရဘူး။

ခုလဲစိတ်ထဲမှာ တင်းကျပ်နေတယ်။ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ မှားစီးသွားရင်လဲ ကျွန်မ ကိုပြန်ပေးကြပါလို့..........

ဒီနေရာကနေ မျက်ရည်စီးကြောင်းမြောက်များစွာဖြင့် အသနားခံလိုက်ပါတယ်။









Thursday, August 2, 2007



California Beach တဲ့..
.ချောအရမ်းကို သွားချင်တာပေါ့...
တစ်ယောက်တည်းတော့ မသွားဘူးနော်..ဟိ ဟိ..သိ
တယ်မဟုတ်လား..
ချစ်သူလေးပါ ခေါ်သွားမယ်...တကယ်
ပဲသွားဖြစ်ခဲ့ရင် ကမ္ဘာပေါ်မှာ ချောကအပျော်ဆုံး လူသား
ဖြစ်လိမ့်မယ်.......

..စိတ်ကူးထဲမှာပဲ ကိုယ်ဖြစ်ချင်တာကို
ဖြစ်ခွင့်ရကြတာပဲနော်...........