Tuesday, July 31, 2007

ကျွန်မ နစ်သက်သောကဗျာလေး..........

မကြည့်မိအောင်သတိထားပေမယ့်

ငါ့မျက်ဝန်းတွေ မင်းဆီရောက်ရောက်သွားတယ်

ရင်မခုန်အောင်ထိန်းချုပ်ရင်း

အသက်ရူ ကျပ်ကျပ်လာတယ်

မတွေးမိအောင် နေနေသော်လည်း

စက္ကန့်တိုင်းမှာ မင်းအကြောင်းပဲ


အနိုင်လိုချင်ပေမဲ့လည်း

ရူံးနိမ့်နေတယ်

မချစ်မိအောင် ကြိုးစားနေရင်း

နှလုံးသား တစ်ခုလုံးနင်းသက်ထားမိတယ်

ငါ့အဖြစ်ကို နင်မသိသော်လည်း

နင့်ကို 'သိပ်ချစ်တယ်'လို့ပြောချင်တယ်*****



Monday, July 30, 2007

လူတွေနဲံပြေလည်အောင်ဘယ်လိုညှိနိုင်း

၁-အရာအားလုံးနီးပါးဟာ ညှိနိုင်းလို့ရတယ်လို့ သိထားလိုက်ပါ။
လူတွေက"ဟုတ်တယ်"နဲ့"မဟုတ်ဘူး"ဆိုတာပဲပြောချင်ကြတယ်။အမှန်က အောင်မြင်စွာညှိလို့ရတဲ့နည်းတွေအ
များကြီးရှိပါတယ်။တကယ်လို့ဘာမှညှိနိုင်းခြင်း မလုပ်ချင်ဘူးဆိုရင် စောစောကတည်းက ကိုယ့်အကြိုက်က ဘာလဲ
ဆိုတာ ဆုံးဖြတ်ထားပါ။

၂-တစ်ဦးနဲ့တစ်ဦး အယူအဆတူရမယ်ဆိုတဲ့ ထောင်ချောက်ကိုရှောင်ပါ။
လူတွေက ပေါင်းသင်းဆက်ဆံမူ ပျက်ပြားသွားမှာကို စိုးရိမ်ကြတယ်။ကိုယ်သိတဲ့လူ၊ ကိုယ်သဘောကျတဲ့လူကို
ဆိုရင် 'ဟင့်အင်း' လို့ငြင်းရမှာအင်မတန်ခဲယဉ်းပါတယ်။ အဲဒီအယူအဆကိုရှောင်လိုက်ပါ။ ညှိနိုင်းမူ ထူးထူးခြားခြား
အောင်မြင်တာကို တွေ့ရလိမ့်မယ်။ ကိုယ်တောင်းဆိုတာတွေ အကုန်မရဘူးလို့ ထင်တဲ့အချိန်မှာ အများစုကိုရခဲ့
တယ်ဆိုတာ အံ့သြလောက်အောင် တွေ့ရပါလိမ့်မယ်။

၃-'ဟင့်အင်း'လို့ငြင်းဆိုရမှာကို မကြောက်ပါနဲ့။
လူတွေက ပေါင်းသင်းဆက်ဆံရေး မပျက်ပြားဖို့ တန်းဖိုးထားကြတဲ့အတွက် ငြင်းဆိုရမှာကို ၀န်းလေးတတ် ကြ
တယ်။ လူတိုင်းကိုပျော်ရွှင်စေချင်တာကိုး။ အနုတ်လက္ခဏာ အဖြေထွက်မှာကိုလည်း စိုးရိမ်တယ်။ 'ဟင့်အင်း'လို့
ုငြင်းဆန်ရတာဟာ ပုဂ္ဂုလ်ရေးမဟုတ်ပါဘူး။ ဒါဟာသတင်းအချက်အလက် ဖလှယ်တဲ့ နည်းလမ်းတစ်ခုပါ။ တစခါ
တစ်ရံတစ်ဖက်လူက ကိုယ်လိုချင်တဲ့အဖြေပြောလာဖို့ကိုယ်က'ဟင့်အင်း'လို့ပြောရတာမျိုှးရှိပါတယ်။ တကယ်
လို့သင်ဟာ အပြိုင်အဆိုင်ညှိနိုင်းရေးစတိုင်ကို ကြိုက်တဲ့သူဆိုရင်'ဟင့်အင်း'ဆိုတဲ့စကားကို ဟာသလေးရောပြီး
ပြောတာ အလွန်ထိရောက်ပါတယ်။

အဲဒီစကားကို ရန်စွယ်ငေါငေါနဲ့ ကျယ်ကျယ်လောင်လောင် ပြောဖို့မလိုပါဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့
ထောက်ပြရုံပါပဲ။ ခိုင်မာရပါမယ်။ တစ်ဖက်က မလိုက်နာနိုင်ဘူးဆိုလည်း ပြန်လှည့်ချင်စိတ်ရှိဖို့ လိုပါတယ်။
ဒီနည်းက ကိုယ်လိုချင်တာရဖို့ပေါ့။ကိုယ်က အလျှော့အတင်းလုပ်နိုင်တယ်ဆိုရင် သူတို့နဲ့အလုပ်ဖြစ်ချင်
တယ်ဆိုရင် ဒီနည်းက အဆင်ပြေပါတယ်။ ဒါပေမဲ့ အခြေခံကတော့ ကိုယ်ကငြင်းလိုက်ရင် သူတို့ပြန်လာဖို့မ
မျှော်လင့်နိုင်တော့ဘူး။

၎-တခြားလူအတွက်လို့ထင်ရအောင်လုပ်ပါ။
လူတွေဟာ ကိုယ့်အရေးကိုယ့်အရာအတွက်တောင်းဆိုညှိနိုင်းရတာမျိုးကို အထင်မခံလိုကြဘူး။ ကုမဏီအ
တွက် ပြောရတာမျိုးဆိုရင်ဘာမှပြသ၁နာမရှိဘူး။ ကိုယ့်အတွက်ဆိုရင် တစ်ကိုယ်ကောင်းဆန်တယ် အတ္တကြီး
တယ်လို့အထင်ခံရမှာစိုးတယ်။
ဒီတော့ ကိုယ်အတွက်ပြောတဲ့အခါ တခြားလူအတွက်ပဲလို့ သဘောထားပြီး ပြောပေတော့။ကိုယ်ဂရုစိုက်ရ
မယ့် လူတစ်ယောက်အတွက် သဘောမျိုးပေါ့။သူငယ်ချင်း အတွက်ဆိုတာမျိုးပေါ့။ အဲဒီသဘောနဲ့ ဆွေးနွေးပါ။

၅-ကိုယ်ဟာကိုယ်ပြောပါ။
ဒီနည်းကလည်း ထိရောက်ပါတယ်။ ညှိနိုင်းမူမစခင်မှာ ကိုယ့်တစ်ယောက်တည်း ပြောနေဖို့ပါပဲ။ကိုယ်ပြောနေ
တဲ့အချိန်မှာ အကောင်းဆုံးနားထောင်သူပရိသတ်ကကိုယ်ကိုယ်တိုင်ပါ။ ကိုယ်ပြောတာကိုကိုယ်သဘောကျ
လက်ခံပြီဆိုရင် တခြားလူတွေလည်း လက်ခံမှာပါပဲ။

Saturday, July 28, 2007

ဘလော့ပွဲလေး ပေါ့

ဒီနေ့ဟာ ပျော်စရာကောင်းတဲ့နေ့လေးပေါ့.. xeon cyber မှာ ဘလော့ပွဲလေးတစ်ခု ကျင်းပခဲ့တယ်.....ပါဝင်သူတွေကတော့....service+ မှ အားခင်..ထက်.ချော.ဟောပြောသူ သဲသဲ...ဘလော့ဂါတွေလဲတက်ရောက်ုကတယ်....လူတွေကလည်းအပြည့်ပဲ.....ဟိ ဟိ..ချော အုကိုက်ဆုံးကတော့ ပွဲပြီးတဲ့ ချိန်မှာ မုန့်နဲ့ ကျွေးမြေးတဲ့ အစီအစဉ်က အကောင်းဆုံးပဲ....နောက်လည်း နဲ့ ကျွေးမြေးနိုင် ပါစေ လို့......

Thursday, July 19, 2007

နာရေးကြော်ငြာ----------------

၁--ချစ်လားဟင်..
"ချစ်တာပေါ့"
၂--ဘယ်လောက်ချစ်..
"မိုးလောက်ကြီးချစ်"
၃--ဘယ်ထဲကချစ်..
"ရင်ထဲကချစ်"
၎--ဘယ်တော့မှမခွဲကြေးနော်..
"နစ်ကိုယ်ကြား'လေ'လေးခြားရင်တောင်ဝေးတယ်ထင်နေရသူပါကွယ်"


"နာရေးကြော်ငြာ"
နုလုံးသားမြို့အသည်းအထူးကုဆေးရုံကြီး ရင်ကွဲနာဌာန အခန်းအမှတ်၁၅၀၀တွင် ကုသမူခံယူလျက်ရှိသော မောင်နလဗိန်းတုန်းသည် တားမြစ်ထားသောမာယာစကားများကို အလွန်အကျွံယုံစားမိသောကြောင့် မာယာကင်ဆာဖြင့်လည်းကောင်း၊ အလွန်တရာစွဲဆောင်အားကောင်းသောအမွှေးအကြိုင်ကိုယ်သင်းရနံ့များ၏ တိုက်ခိုက်မူကြောင့်အသည်းခုခံကျဆင်းမူဖြင့်လည်းကောင်း၊ အမို့အမောက်အစပ်အဟပ်တဲ့သော ခနာကိုယ် အစိတ်အပိုင်းအသီးသီး မှပစ်လွှတ်လိုက်သောအလှအပ အဆိပ်လူးမြှား တို့၏ဒဏ်ကြောင့် ယဲ့ယဲ့သာကျန်လျက် ရှိသောနုလုံးသားအားစက်ရုပ်တစ်ရုပ်၏ နုလုံးသားနင့်အစားထိုး လဲလှယ်နေစဉ် အပြည်ပြည်ဆိုင်ရာ အသည်းကွဲနေ့ မွန်းလွဲချိန်၌ရုတ်တရက် ကွယ်လွန်သွားပါကြောင်း------------

Thursday, July 12, 2007

စိတ်အာဟာရများ-------------

ဘ၀၏အမြင့်ဆုံးပန်းတိုင်သို့ရောက်ရန်လှေကားထစ်မြောက်မြားစွာကို ကြိုးစားပန်းစားတက်ခဲ့ရသော်လည်း ဘ၀အောက်ဆုံးသို့ပြန်ဆင်းသွားရန် အတွက်မူခြေတလှမ်းတည်းသာလိုသည်။
(စစ်ဗိုလ်ချုပ်ကြီး နပိုလီယံ)
ကြောက်သင့်ခြင်းနှင့်မကြောက်သင့်ခြင်းကိုခွဲခြား သိမြင်ခြင်းသည်ပင်လျှင်ပညာရှိ ဖြစ်စေသည်။
(ဂရိပညာရှင် ဆိုကရေးတီး)
မိမိဘ၀သည် ကျဆုံးမူတစ်ခုနှင့်ကြုံတိုင်းထိုအခြေအနေနှင့်အတူ တိုးတတ်စရာလမ်းစလည်းလို့ဝှက်စွာပါလာတတ်
သည်။ထိုလမ်းစကိုတွေ့အောင်ရှာ၍ပိုင်နိုင်စွာအသုံးချပါ။
(အတတ်ကျမ်းပညာရှင် နပိုလီယံတီးလ်)
ကြီးမားသည့်အတားအဆီးဟူသည် သင့်မျက်စိကိုပန်းတိုင်းမှလွှဲဖယ်လိုက်မိစဉ် မြင်ရတတ်သည့်ကြောက်မက်
ဖွယ်ရာတို့ကိုဆိုလိုပေသည်။
(ဟင်နရီဖို့ဒ်)
ဒေါသဖြင့်လဲနောက်ကြောင်းပြန်မကြည့်နဲ့။ကြောက်စိတ်ဖြင့်လည်းရှေ့ရေးကိုမတွေးနဲ့။ပညာသတိဖြင့်သာပတ်
ဝန်းကျင်ကိုရူမြင်ပါ။
(ဂျိမ်းစ်သာဗာ)
သတ္တိစိတ်ဟူသည်ကူးစက်တတ်၏။ရဲဝံ့သူတစ်ယောက်ရှေ့မှ မားမားမတ်မတ် ရပ်ပါကကျန်လူများမှာ ကြက်သီး
မွှေးညင်းထကာ စိတ်အားတက်ကြွလာလေ၏။
(ကမ္ဘာကျော်အတွေးအခေါ်ပညာရှင် ဘီလီဂရေဟမ်)်

Wednesday, July 11, 2007

Kiss is the language of Love

+++kiss on the ear..........."I'm honey"
+++kiss on the cheek..........."we're friends"
+++kiss on the hand............."I adore you"
+++kiss on the neck............."we belong together"
+++kiss on the shoulder..........."I want you"
+++kiss on the lips....................."I love you & I want you"
+++holding hands......................we can learn to love each other
+++a wink...................................let's get it on
+++slap on the butt...................that's mine
+++playing with the ear...........i can't live without you
+++holding on tight...................don't let go
+++looking into each other's eyes............let's get romantic
+++pulling hair on head.............................tell me you love me
+++arms around the waist........................I love you too mush to let go

ဒီအကြောင်းအရာလေးတွေကတော့ ဗဟုသုတအနေနဲ့ တင်ပြလိုက်တာပါ။။

ဘ၀အတွက်ကျွမ်းကျင်ရာများ

၁--မိမိကိုယ်ကိုသတိပြုတတ်သည့်စွမ်းရည်
၂--ဆုံးဖြတ်ချက်မှန်ကန်စွာ ချတတ်သည့်စွမ်းရည်နှင့်ပြသ၁နာကိုကောင်းစွာဖြေရှင်းနှိင်သည့်စွမ်းရည်
၃--ပုဂ္ဂိုလ်ရေးဆက်ဆံမှုစွမ်းရည် နှင့်ထိရောက်သော ဆက်သွယ်ရေး
၎--စိတ်သောကဖိစီးမူနှင့် စိတ်လှုပ်ရှားမူကို ရင်ဆိုင်ဖြေလျော့နှိင်မူစွမ်းရည်
၅--ချင့်ချိန်စဉ်းစားနှိင်သည့် စွမ်းရည်နှင့်တီထွင်ကြံဆ ဖန်တီးနှိင်မူစွမ်းရည်
၆--စာနာထောက်ထား စိတ်ထားရှိနှိင်သည့် စွမ်းရည်
၇--တန်းဖိုးထားသည့် အကြောင်းအရာများကို ရှင်းလင်းနှိင်သည့် စွမ်းရည်

Saturday, July 7, 2007

မဂ๎လာပါ-------

သောင်းပြောင်းထွေလာ blog ကိုစတင်လိုက်ပါပြီရှင်---
ဟိ..ဟိ ဝေဖန်အကြံပြုနိုင်ပါတယ်ရှင်------
အားလုံးကိုဖိတ်ခေါ်ပါတယ်-------
welcome to သတင်းရပ်ကွက်-----