Monday, July 30, 2007

လူတွေနဲံပြေလည်အောင်ဘယ်လိုညှိနိုင်း

၁-အရာအားလုံးနီးပါးဟာ ညှိနိုင်းလို့ရတယ်လို့ သိထားလိုက်ပါ။
လူတွေက"ဟုတ်တယ်"နဲ့"မဟုတ်ဘူး"ဆိုတာပဲပြောချင်ကြတယ်။အမှန်က အောင်မြင်စွာညှိလို့ရတဲ့နည်းတွေအ
များကြီးရှိပါတယ်။တကယ်လို့ဘာမှညှိနိုင်းခြင်း မလုပ်ချင်ဘူးဆိုရင် စောစောကတည်းက ကိုယ့်အကြိုက်က ဘာလဲ
ဆိုတာ ဆုံးဖြတ်ထားပါ။

၂-တစ်ဦးနဲ့တစ်ဦး အယူအဆတူရမယ်ဆိုတဲ့ ထောင်ချောက်ကိုရှောင်ပါ။
လူတွေက ပေါင်းသင်းဆက်ဆံမူ ပျက်ပြားသွားမှာကို စိုးရိမ်ကြတယ်။ကိုယ်သိတဲ့လူ၊ ကိုယ်သဘောကျတဲ့လူကို
ဆိုရင် 'ဟင့်အင်း' လို့ငြင်းရမှာအင်မတန်ခဲယဉ်းပါတယ်။ အဲဒီအယူအဆကိုရှောင်လိုက်ပါ။ ညှိနိုင်းမူ ထူးထူးခြားခြား
အောင်မြင်တာကို တွေ့ရလိမ့်မယ်။ ကိုယ်တောင်းဆိုတာတွေ အကုန်မရဘူးလို့ ထင်တဲ့အချိန်မှာ အများစုကိုရခဲ့
တယ်ဆိုတာ အံ့သြလောက်အောင် တွေ့ရပါလိမ့်မယ်။

၃-'ဟင့်အင်း'လို့ငြင်းဆိုရမှာကို မကြောက်ပါနဲ့။
လူတွေက ပေါင်းသင်းဆက်ဆံရေး မပျက်ပြားဖို့ တန်းဖိုးထားကြတဲ့အတွက် ငြင်းဆိုရမှာကို ၀န်းလေးတတ် ကြ
တယ်။ လူတိုင်းကိုပျော်ရွှင်စေချင်တာကိုး။ အနုတ်လက္ခဏာ အဖြေထွက်မှာကိုလည်း စိုးရိမ်တယ်။ 'ဟင့်အင်း'လို့
ုငြင်းဆန်ရတာဟာ ပုဂ္ဂုလ်ရေးမဟုတ်ပါဘူး။ ဒါဟာသတင်းအချက်အလက် ဖလှယ်တဲ့ နည်းလမ်းတစ်ခုပါ။ တစခါ
တစ်ရံတစ်ဖက်လူက ကိုယ်လိုချင်တဲ့အဖြေပြောလာဖို့ကိုယ်က'ဟင့်အင်း'လို့ပြောရတာမျိုှးရှိပါတယ်။ တကယ်
လို့သင်ဟာ အပြိုင်အဆိုင်ညှိနိုင်းရေးစတိုင်ကို ကြိုက်တဲ့သူဆိုရင်'ဟင့်အင်း'ဆိုတဲ့စကားကို ဟာသလေးရောပြီး
ပြောတာ အလွန်ထိရောက်ပါတယ်။

အဲဒီစကားကို ရန်စွယ်ငေါငေါနဲ့ ကျယ်ကျယ်လောင်လောင် ပြောဖို့မလိုပါဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့
ထောက်ပြရုံပါပဲ။ ခိုင်မာရပါမယ်။ တစ်ဖက်က မလိုက်နာနိုင်ဘူးဆိုလည်း ပြန်လှည့်ချင်စိတ်ရှိဖို့ လိုပါတယ်။
ဒီနည်းက ကိုယ်လိုချင်တာရဖို့ပေါ့။ကိုယ်က အလျှော့အတင်းလုပ်နိုင်တယ်ဆိုရင် သူတို့နဲ့အလုပ်ဖြစ်ချင်
တယ်ဆိုရင် ဒီနည်းက အဆင်ပြေပါတယ်။ ဒါပေမဲ့ အခြေခံကတော့ ကိုယ်ကငြင်းလိုက်ရင် သူတို့ပြန်လာဖို့မ
မျှော်လင့်နိုင်တော့ဘူး။

၎-တခြားလူအတွက်လို့ထင်ရအောင်လုပ်ပါ။
လူတွေဟာ ကိုယ့်အရေးကိုယ့်အရာအတွက်တောင်းဆိုညှိနိုင်းရတာမျိုးကို အထင်မခံလိုကြဘူး။ ကုမဏီအ
တွက် ပြောရတာမျိုးဆိုရင်ဘာမှပြသ၁နာမရှိဘူး။ ကိုယ့်အတွက်ဆိုရင် တစ်ကိုယ်ကောင်းဆန်တယ် အတ္တကြီး
တယ်လို့အထင်ခံရမှာစိုးတယ်။
ဒီတော့ ကိုယ်အတွက်ပြောတဲ့အခါ တခြားလူအတွက်ပဲလို့ သဘောထားပြီး ပြောပေတော့။ကိုယ်ဂရုစိုက်ရ
မယ့် လူတစ်ယောက်အတွက် သဘောမျိုးပေါ့။သူငယ်ချင်း အတွက်ဆိုတာမျိုးပေါ့။ အဲဒီသဘောနဲ့ ဆွေးနွေးပါ။

၅-ကိုယ်ဟာကိုယ်ပြောပါ။
ဒီနည်းကလည်း ထိရောက်ပါတယ်။ ညှိနိုင်းမူမစခင်မှာ ကိုယ့်တစ်ယောက်တည်း ပြောနေဖို့ပါပဲ။ကိုယ်ပြောနေ
တဲ့အချိန်မှာ အကောင်းဆုံးနားထောင်သူပရိသတ်ကကိုယ်ကိုယ်တိုင်ပါ။ ကိုယ်ပြောတာကိုကိုယ်သဘောကျ
လက်ခံပြီဆိုရင် တခြားလူတွေလည်း လက်ခံမှာပါပဲ။

No comments: