Sunday, September 23, 2007

မမုန်းနိုင်သေးလို့ပါ-----

ရင်တစ်ခုလုံး ဗြောင်ဆန်အောင်
ဆော့ကစား သွားပြီးမှ
မင်းမဟုတ်သလို မျက်နှာကလေးနဲ့
ငါ့ကိုထပ်မနှိပ်စက် ပါနဲ့တော့
ချစ်သူရယ်
နင့်ကို ငါမမုန်းနိုင် သေးလို့ပါ..... ...... ......

ဝတ္ထုလို-------အချစ်မျိုး

ဇာတ်လမ်းအဓိက မဟုတ်သော ၀တ္တုတစ်ပုဒ်လိုသူနဲ့ကျွန်မ ချစ်ခဲ့ကြပါသည်။
ကျွန်မတို့မှာ အဖြစ်အပျက်တွေ ကြုံကြိုက်မှုတွေရှိသည်။သို့သော် ဘာပြီးရင်
်ဘာလာရမယ် ဟူသောဖြစ်စဉ်တွေမရှိပါ။ ကျွန်မတို့မှာဆန္ဒတွေရှိသည်။
သို့သော်မျော်လင့်ချက် မရှိပါ။ကျွန်မတို့မှာ မှန်းဆကြည်နူးမှု့တွေရှိသည်။
သို့သော်အနာဂတ် မရှိပါ။ကျွန်မနှင့် သူ၏အချစ်သည်မွှေးပျံ့သော
လှပသောစပယ်ပန်းများ ဖြစ်သည်ဆိုလျှင် လက်ထဲမှာထွေးဆုပ်ထားသော
ပန်းများ ဖြစ်မည်။စံပယ်တစ်ကုံး မဟုတ်ခဲ့။
ကျွန်မတို့အချစ် ကိုသီရန်ကြိုး မရှိခဲ့။

အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းလေးတွေ--------------

ဒီကနေယူပါတယ်(ဂျူး)

Wednesday, September 19, 2007

မျော်လင့်ပါရစေ----------

မျော်လင့်ခြင်း အချစ်တစ်ခုနဲ့ ရှင်သန်ခဲ့တဲ့
နှလုံးသားတစ်ခုပါ ချစ်သူ
စွန့်လွတ်မှု့နဲ့လည်း မချစ်နိုင်ပါ... ... ...
ဒါပေမဲ့ ချစ်သူ
ဝေးကွားခြင်းနောက်ရဲ့ ရင်ခွင်မှာ
လွမ်းဆွေးမှုတွေနဲ့ လွမ်းဆွေးကမ္ဘာ
တစ်ခုဖြစ်လို့ နေတယ်လေ... ... ...
ကြင်နာသူ
မင်းသာခံစားနားလည်းရင်
မင်းရဲ့ကြင်နာမှု တွေနဲ့ ပျော်ရွှင်ပါရစေ... ... ...

Tuesday, September 11, 2007

မုဒိတာပွား ကြရအောင်------

-------If you hate a man let him live-------

ဒီစကားပုံလေးရဲ့အဓိပယ်က သင်မုန်းပါက အသက်ရှင်သန်နိုင်ပါစေ တဲ့။
တကယ်ပါပဲံ လူတစ်ယောက်ကို မုန်းနေရရင် အမုန်းတွေနဲ့အဲဒီလူဟာဘယ်လောက်ပူလောင်နေမှာလဲဆိုတာ စဉ်းစားကြည့်ကြပါ။
ဥပမာ ကိုယ်နဲ့မသင့်မြတ်တဲ့လူကို မုန်းနေရင် အမုန်းတွေရဲ့ ဖိစီးမှု့၊နိုပ်စက်မှု့ဒဏ်ကို ဘယ်သူအရင်ခံစားရသလဲ။
ကိုယ်ကိုယ်တိုင်ပဲမဟုတ်လား။ ဒေါသရဲ့ ပူလောင်မူ့တွေက ကိုယ့်ကိုယ်ကိုယ် အရင်လောင်ကျွမ်းစေတာပဲနော်။
ဒေါသတွေနဲ့လောင်နေတော့ ဘယ်လိုလုပ်ပြီး အသက်ရှည်နိုင်မှာလဲ။
မိမိမုန်းတီးနေတဲ့သူကတော့ သိတောင်သိရှာမှာမဟုတ်သလို သူကိုယ်တိုင်လည်း အေးချမ်းနေလိမ့်မယ်။
ဒါကြောင့်ဒီစကားပုံလေးကို ကျွန်တော်နစ်သက်တယ်။ကျွန်တော် ကိုယ်တိုင်လည်း ဘယ်သူနဲ့ပဲပြသ၁နာတက်ခဲ့ပါစေ လူသဘာဝအတိုင်းမကျေနပ် ချက်ရှိခဲ့ပေမဲ့ မုဒိတာ ပွား နိုင်အောင်ကြိုးစားခဲ့ပါတယ်။ သင်တို့လည်းကြိုးစားကြည့်ပါ။
စိတ်ရဲ့ငြိမ်းချမ်းမှု့ကိုရရှိပါလိမ့်မယ်။
ပြီးရင် သီးခံခြင်းရဲ့အောင်မြင်မှု့ကိုခံစားရပါလိမ့်မယ်။

သော့----

တခါးတစ်ချပ်ရဲ့.....တစ်ဖက်ဆီမှာ
သော့ကိုယ်စီ........ကိုင်ရင်းနဲ့
တစ်ဦးအဖွင့်ကို.....တစ်ဦးကစောင့်
ရက်တွေပြောင်း.....အချိန်တွေကြာပေမဲ့.....

ချစ်သူ....မင်းသိစေချင်မိရဲ့
အရင်ဖွင့်ရမဲ့.....သော့က
မင်းဆီမှာ.........ရှိနေတယ်ဆိုတာ......

အစဉ်အလာ.......တံတိုင်းတွေကြောင့်
ငါ့ရင်..........နာကြင်ကြေမွ
ဖွင့်ခွင့်မရှိတဲ့.....သော့နဲ့အတူ
နှလုံးသား........တံခါးဘေးမှာ
မချိတင်ကဲ........ငိုရှိုက်ရင်း
သော့ဖွင့်ုသံကို.....နားစွင့်ရင်းနဲ့
ကိုယ်လေ........ဆုတောင်းနေမိရဲ့
မင်းဆီက.........သော့တစ်ချောင်း
ပျောက်ဆုံးမသွားစေဖို့.......။ ။ ။

Thursday, September 6, 2007


တော်ဝင်မင်းသားများ
ဝီလီယံနှင့်ဟယ်ရီ





ဒိုင်ယာနာတို့ရဲ့ မင်္ဂလာပွဲ







ဒိုင်ယာနာတို့ရဲ့လက်ထပ်မင်္ဂလာပွဲ
















ဒိုင်ယာနာရဲ့ သရဖူ










ဒိုင်ယာနာရဲ့သတို့သမီးဝတ်စုံ

တော်ဝင်မင်းသမီး ဒိုင်ယာနာ၏ ဆယ်နစ်ပြည့်-----


လွန်ခဲ့တဲ့၁၀နစ်က ပြင်သစ်တွင်ကားတိုက်မှုဖြစ်ပြီး ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာသေဆုံးခဲ့
သည်။ယခုukနှင့်လန်ဒန်တွင် ဒိုင်ယာနာသေဆုံးသည့်၁၀နစ်မြောက် အခမ်းအနားကိုကျင်းပခဲ့သည်။
သူမ၏သားတော်မင်းသားနစ်ပါးဖြစ်သည့် ၀ီလီယံနှင့်ဟယ်ရီတို့က ဘာမင်ဂန်နန်းတော်အနီးရှိ
Guard's ဘုရားကျောင်းတွင် ဆုတောင်းစာများကိုဦးဆောင်ရွတ်ဖတ်ခဲ့ကြရာ မင်းသားချားလ်စ်နှင့်ဘု
ရင်မကြီးတို့လည်းတက်ရောက်ခဲ့သည်။သို့သော် ချားလ်စ်၏ဒုတိယမိန်းမမင်းသမီး ကမ်မီလာမှာ
တက်ရောက်ခြင်းမရှိပေ။ ဒိုင်ယာနာ၏ ဈာပနာတွင်သီချင်းများဆိုခဲ့သည့် အယ်တန်ဂျွန်နှင့်အတူဝန်
ကြီးချုပ်ဂေါ်ဒန်ဘရောင်းလည်း အခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းသိရသည်။

Wednesday, September 5, 2007

ချစ်သု့နှုတ်ခမ်း

ချစ်သု့နှုတ်ခမ်း

ငါချစ်တဲ့သူရဲ့ နှုတ်ခမ်းတွေဟာ ငါ့ထာဝရ ပျော်မွေ့ဖွယ်။
အရှင့်ကို ထောပနာ ပြုပါတယ်၊ ကျွန့်နုလုံးသားရဲ့ဆန္ဒပြည့်ဝလို့။

အိုကြမ္မာ၊ မင့်ရင်အုံမှာ ငါ့အချစ်ကို ပြုစုယုယပါ။
ရွှေရောင် ၀ိုင်အရက်ခွက်ကို တစ်လှည့်၊ နှုတ်ခမ်းတွေရဲ့ ပတ္တမြားတွေ တစ်လှည့် ပေးပါ။

ငါတို့ကို အမနပ ပြောတယ်၊ အမှုးသမားတွေတဲ့။
မိုက်မဲတဲ့ လူအိုတွေ မိမိအမှားမှာ နစ်မွန်းနေတဲ့ သက်ကြီးတွေပဲ။

ဒါပေမဲ့ သူတော်ကောင်းတွေရဲ့ ကိုယ်စား ငါတို့ အပြင်း ကျင့်ပြီးပြီ။
ဘာသာရေးသမားတွေ လုပ်ခဲ့သမျှ အတွက် ဘုရားသခင်ထံ ခွင့်လွှတ်ဖို့ တောင်းရဲ့။

အို ငါ့အချစ်၊ မင်းနဲ့ခွဲခွာရမဲ့ အဖြစ်ကို ဘယ်လို ပြောရပါ့။
မျက်လုံးတွေက မျက်ရည်ပေါင်း တစ်ရာကို သိပါတယ်၊ ၀ိညာဉ်မှာတော့ သက်ပြင်းတစ်ရာ။`

မင့် ကိုယ်ကာယကို မနာလိုတဲ့ စိုက်ပရာ့စ်ပင်နဲ့ မင့်မျက်နာလောက် မတောက်ပတဲ့ လကို
မင့်အလှက ဖြစ်စေတဲ့ ဒုက္ခမျိုး ဒိဋ္ဌိကို တောင်မှ မခံစားစေချင်ဘူး။

မင်းနှုတ်ခမ်းတွေကို တောင့်တမှု့ဟာ ဟာဖိဇ်ရဲ့ အတွေးကနေ
သူ့ညနေ ဘုရားစာနဲ့ အရုဏ်ဦး ကျမ်းစာရွတ်မှုကို ခိုးယူသွားခဲ့ပေါ့။

Monday, September 3, 2007

မေတ္တာ-------Huesca

နှလုံးသားမဲ့ ကမ္ဘာရဲ့ နှလုံးသား
ချစ်သည်း မင့်ကို တွေးမိတဲ့ အတွေးဟာ
ငါ့မြင်ကွင်းကို တုန်လှုပ်သွားစေတဲ့ အရိပ်ပါ။

ညနေခင်း တိုက်ခတ်လာတဲ့လေဟာ
ဆောင်းဦးပေါက် နီးလာပြီ ဆိုတာ သတိရစေရဲ့။
မင့်ကို ဆုံးရှုံးသွားမှာ စိုးမိတယ်။
ငါ့အကြောက်ကို ငါ ကြောက်ရဲ့။

ငါတို့ရဲ့ မာနအတွက် နောက်ဆုံး ခြံစည်းရိုး
ဟူးစ်ကာသို့ နောက်ဆုံးမိုင်မှာ
ငါ့နံဘေးမှာ မင့်ကိုသိတာ
ကြင်နာစွာ စဉ်းစားပါ အချစ်ရာ။

ကံဆိုးက ငါ့ခွန်အားကို
ခပ်တိမ်တိမ် သချိုင်းမြေထဲ ထည့်ရင်
မင်း ပြုနိုင်ခဲ့တဲ့ ကောင်းမှုတွေကို သတိရပါ။
ငါ့မေတ္တာကိုလည်း မမေ့ပါစေချင်။ ။


John Cornfokrd

Saturday, September 1, 2007

ကမ္ဘာ့အကြီးဆုံး----စိန်ကြီး



တောင်အာဖရိက မိုင်းတွင်း ကုမဏီငယ်လေးတစ်ခုက ကမ္ဘာ့အကြီးဆုံး စိန်ကြီးကိုရှာဖွေတွေ့ရှိခဲ့သည်။ စိန်ကြီးသည်၇၀၀၀ ကာရက်နီးပါးရှိပြီး ဗြိတိသျှသရဖူရတနာများ၏အဓိက အစိတ်အပိုင်းဖြစ်သည့်ကူလီနမ်စိန်ကြီး ထက်၂ဆပိုသည်ဟုသိရသည်။ စိန်ကြီးကိုဂျိုဟန်နက်စ်ဗာ့စ်ရှိဘဏ်သို့သယ်ဆောင်ပြီးသူ့၏တန်ဖိုးကို သတ်မှတ်လိမ့်မည်ဟုသိရသည်။ စိန်ကြီးရဲ့အရွယ်အစားမှာ အုန်းသီးတစ်လုံးအရွယ်ရှိပြီး အစိမ်းရောင်သမ်း နေကြောင်း-----

ဒီစိန်ကြီးသာရလို့ကတော့မန်ယူတစ်သင်းလုံးဝယ်ပစ်လိုက်မယ်...ဘာမှတ်နေလဲ...:P