Tuesday, September 11, 2007

မုဒိတာပွား ကြရအောင်------

-------If you hate a man let him live-------

ဒီစကားပုံလေးရဲ့အဓိပယ်က သင်မုန်းပါက အသက်ရှင်သန်နိုင်ပါစေ တဲ့။
တကယ်ပါပဲံ လူတစ်ယောက်ကို မုန်းနေရရင် အမုန်းတွေနဲ့အဲဒီလူဟာဘယ်လောက်ပူလောင်နေမှာလဲဆိုတာ စဉ်းစားကြည့်ကြပါ။
ဥပမာ ကိုယ်နဲ့မသင့်မြတ်တဲ့လူကို မုန်းနေရင် အမုန်းတွေရဲ့ ဖိစီးမှု့၊နိုပ်စက်မှု့ဒဏ်ကို ဘယ်သူအရင်ခံစားရသလဲ။
ကိုယ်ကိုယ်တိုင်ပဲမဟုတ်လား။ ဒေါသရဲ့ ပူလောင်မူ့တွေက ကိုယ့်ကိုယ်ကိုယ် အရင်လောင်ကျွမ်းစေတာပဲနော်။
ဒေါသတွေနဲ့လောင်နေတော့ ဘယ်လိုလုပ်ပြီး အသက်ရှည်နိုင်မှာလဲ။
မိမိမုန်းတီးနေတဲ့သူကတော့ သိတောင်သိရှာမှာမဟုတ်သလို သူကိုယ်တိုင်လည်း အေးချမ်းနေလိမ့်မယ်။
ဒါကြောင့်ဒီစကားပုံလေးကို ကျွန်တော်နစ်သက်တယ်။ကျွန်တော် ကိုယ်တိုင်လည်း ဘယ်သူနဲ့ပဲပြသ၁နာတက်ခဲ့ပါစေ လူသဘာဝအတိုင်းမကျေနပ် ချက်ရှိခဲ့ပေမဲ့ မုဒိတာ ပွား နိုင်အောင်ကြိုးစားခဲ့ပါတယ်။ သင်တို့လည်းကြိုးစားကြည့်ပါ။
စိတ်ရဲ့ငြိမ်းချမ်းမှု့ကိုရရှိပါလိမ့်မယ်။
ပြီးရင် သီးခံခြင်းရဲ့အောင်မြင်မှု့ကိုခံစားရပါလိမ့်မယ်။

No comments: