Monday, September 3, 2007

မေတ္တာ-------Huesca

နှလုံးသားမဲ့ ကမ္ဘာရဲ့ နှလုံးသား
ချစ်သည်း မင့်ကို တွေးမိတဲ့ အတွေးဟာ
ငါ့မြင်ကွင်းကို တုန်လှုပ်သွားစေတဲ့ အရိပ်ပါ။

ညနေခင်း တိုက်ခတ်လာတဲ့လေဟာ
ဆောင်းဦးပေါက် နီးလာပြီ ဆိုတာ သတိရစေရဲ့။
မင့်ကို ဆုံးရှုံးသွားမှာ စိုးမိတယ်။
ငါ့အကြောက်ကို ငါ ကြောက်ရဲ့။

ငါတို့ရဲ့ မာနအတွက် နောက်ဆုံး ခြံစည်းရိုး
ဟူးစ်ကာသို့ နောက်ဆုံးမိုင်မှာ
ငါ့နံဘေးမှာ မင့်ကိုသိတာ
ကြင်နာစွာ စဉ်းစားပါ အချစ်ရာ။

ကံဆိုးက ငါ့ခွန်အားကို
ခပ်တိမ်တိမ် သချိုင်းမြေထဲ ထည့်ရင်
မင်း ပြုနိုင်ခဲ့တဲ့ ကောင်းမှုတွေကို သတိရပါ။
ငါ့မေတ္တာကိုလည်း မမေ့ပါစေချင်။ ။


John Cornfokrd

No comments: