Tuesday, September 11, 2007

သော့----

တခါးတစ်ချပ်ရဲ့.....တစ်ဖက်ဆီမှာ
သော့ကိုယ်စီ........ကိုင်ရင်းနဲ့
တစ်ဦးအဖွင့်ကို.....တစ်ဦးကစောင့်
ရက်တွေပြောင်း.....အချိန်တွေကြာပေမဲ့.....

ချစ်သူ....မင်းသိစေချင်မိရဲ့
အရင်ဖွင့်ရမဲ့.....သော့က
မင်းဆီမှာ.........ရှိနေတယ်ဆိုတာ......

အစဉ်အလာ.......တံတိုင်းတွေကြောင့်
ငါ့ရင်..........နာကြင်ကြေမွ
ဖွင့်ခွင့်မရှိတဲ့.....သော့နဲ့အတူ
နှလုံးသား........တံခါးဘေးမှာ
မချိတင်ကဲ........ငိုရှိုက်ရင်း
သော့ဖွင့်ုသံကို.....နားစွင့်ရင်းနဲ့
ကိုယ်လေ........ဆုတောင်းနေမိရဲ့
မင်းဆီက.........သော့တစ်ချောင်း
ပျောက်ဆုံးမသွားစေဖို့.......။ ။ ။

No comments: