Wednesday, September 5, 2007

ချစ်သု့နှုတ်ခမ်း

ချစ်သု့နှုတ်ခမ်း

ငါချစ်တဲ့သူရဲ့ နှုတ်ခမ်းတွေဟာ ငါ့ထာဝရ ပျော်မွေ့ဖွယ်။
အရှင့်ကို ထောပနာ ပြုပါတယ်၊ ကျွန့်နုလုံးသားရဲ့ဆန္ဒပြည့်ဝလို့။

အိုကြမ္မာ၊ မင့်ရင်အုံမှာ ငါ့အချစ်ကို ပြုစုယုယပါ။
ရွှေရောင် ၀ိုင်အရက်ခွက်ကို တစ်လှည့်၊ နှုတ်ခမ်းတွေရဲ့ ပတ္တမြားတွေ တစ်လှည့် ပေးပါ။

ငါတို့ကို အမနပ ပြောတယ်၊ အမှုးသမားတွေတဲ့။
မိုက်မဲတဲ့ လူအိုတွေ မိမိအမှားမှာ နစ်မွန်းနေတဲ့ သက်ကြီးတွေပဲ။

ဒါပေမဲ့ သူတော်ကောင်းတွေရဲ့ ကိုယ်စား ငါတို့ အပြင်း ကျင့်ပြီးပြီ။
ဘာသာရေးသမားတွေ လုပ်ခဲ့သမျှ အတွက် ဘုရားသခင်ထံ ခွင့်လွှတ်ဖို့ တောင်းရဲ့။

အို ငါ့အချစ်၊ မင်းနဲ့ခွဲခွာရမဲ့ အဖြစ်ကို ဘယ်လို ပြောရပါ့။
မျက်လုံးတွေက မျက်ရည်ပေါင်း တစ်ရာကို သိပါတယ်၊ ၀ိညာဉ်မှာတော့ သက်ပြင်းတစ်ရာ။`

မင့် ကိုယ်ကာယကို မနာလိုတဲ့ စိုက်ပရာ့စ်ပင်နဲ့ မင့်မျက်နာလောက် မတောက်ပတဲ့ လကို
မင့်အလှက ဖြစ်စေတဲ့ ဒုက္ခမျိုး ဒိဋ္ဌိကို တောင်မှ မခံစားစေချင်ဘူး။

မင်းနှုတ်ခမ်းတွေကို တောင့်တမှု့ဟာ ဟာဖိဇ်ရဲ့ အတွေးကနေ
သူ့ညနေ ဘုရားစာနဲ့ အရုဏ်ဦး ကျမ်းစာရွတ်မှုကို ခိုးယူသွားခဲ့ပေါ့။

No comments: