Tuesday, July 31, 2007

ကျွန်မ နစ်သက်သောကဗျာလေး..........

မကြည့်မိအောင်သတိထားပေမယ့်

ငါ့မျက်ဝန်းတွေ မင်းဆီရောက်ရောက်သွားတယ်

ရင်မခုန်အောင်ထိန်းချုပ်ရင်း

အသက်ရူ ကျပ်ကျပ်လာတယ်

မတွေးမိအောင် နေနေသော်လည်း

စက္ကန့်တိုင်းမှာ မင်းအကြောင်းပဲ


အနိုင်လိုချင်ပေမဲ့လည်း

ရူံးနိမ့်နေတယ်

မချစ်မိအောင် ကြိုးစားနေရင်း

နှလုံးသား တစ်ခုလုံးနင်းသက်ထားမိတယ်

ငါ့အဖြစ်ကို နင်မသိသော်လည်း

နင့်ကို 'သိပ်ချစ်တယ်'လို့ပြောချင်တယ်*****



No comments: